#Local_News

Published_ 07 November 2023

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဒုရဲချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့လာ‌‌ရောက်ခဲ့ပြီး ဗိုလ်တထောင်စေတီ‌တော်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း ဗိုလ်တထောင်ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ နိုဝင်ဘာလ ၆ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့ဒုရဲချုပ်၊ ရဲဗိုလ်ချုပ်ကြီး Surachate Hakparn နှင့်အဖွဲ့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ အဖွဲ့ဝင်များကို အလှည့်ကျသဘာပတိ ဒေါက်တာတင်ထွန်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအောင်မြတ်၊ ဦးဝင်းထူးတို့ မှ ခရီးဦးကြိုဆို၍ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲချုပ်အဖွဲ့မှ ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီး၊ ဗိုလ်တထောင်ရောဟဏီ ဘိုးဘိုးကြီး၊ အစ်မတော်မြနန်းနွယ် နှင့်ရင်ပြင်တော်ရှိ တန်ဆောင်းအသီးသီးရှိ ဘုရားများအား လှည့်လည်ဖူးမြှော်ကြည်ညို ကြ၍ ညနေ ( ၁၇: ၃၀) မိနစ်အချိန်တွင် ပြန်လည် ထွက်ခွာသွားကြောင်းဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ထံမှသိရသည်။

 

#tthl #Local_News #ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဒုရဲချုပ်နှင့်အဖွဲ့ #Yangon_Times