Published 6 November 2023
ခရီးသွားပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်ရည်ရွယ်၍ မြိတ်- ရန်ကုန် အမြန်ရေယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီးပုဂ္ဂလိကသင်္ဘောလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

မြိတ်-ရန်ကုန် ခရီးသည်တင် အမြန်ရေယာဉ်ကို လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ပြေးဆွဲခဲ့ပြီး ပြန်လည်ရပ်နားခဲ့ကာ ယခု ပွင့်လင်းရာသီတွင် ခရီးသည်တင် အမြန်ရေယာဉ် ကို ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်အတွက် ပြန်လည်ပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ယခုလက်ရှိတွင် လေယာဉ်ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူရန် ခက်ခဲလာခြင်းတို့ကြောင့် အများပြည်သူ ခရီးသွားလာရေး အဆင်ပြေစေရန်ရည်ရွယ်၍ ကမ်းရိုးတန်းသွားခရီးသည်တင်အမြန်ရေယာဉ်များကို ပြန်လည်ပြေးဆွဲရန် ဆွေးနွေးညှိနှိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့မှ ရန်ကုန်မြို့သို့ ခရီးသည်တင် အမြန်ရေယာဉ်ပြေးဆွဲပါက ကြာချိန် ၁၁ နာရီကျော် ရှိမည်ဖြစ်ပြီး နေ့ချင်းရောက် ခရီးစဉ်တစ်ခုဖြစ်ကာ မြိတ်-ကော့သောင်း ခရီးစဉ်ကိုလည်း ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
‌Yangon Time/LW
#Local_News
#Published_ 06 November 2023
#YMG #Yangon_Times #Yangon_Media_Group