#Local_News
Published_ 27 October 2023

ကချင်ပြည်နယ်၊တနိုင်းမြို့အနီးတွင် အောက်တိုဘာလ(၂၇)ရက်မနက်ပိုင်း၌အင်အားရစ်တာစကေး(၄.၂)အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၅၉) မိနစ်၊ (၀၆) စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၅၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၆.၃၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၁၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း ဖော်ပြပါရှိသည်။

 

မြန်မာနိုင်ငံသည်၂၀၂၃ ခုနှစ်အတွင်း ဒေသအနှံ မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့သလို မြေငလျင်ကြီး အချို့လည်းရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းစသည့်ဒေသအချို့တွင် လှုပ်ခတ်ခြင်းများရှိခဲ့ကြောင်းနှင့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ဒေသများအနေဖြင့် တစ်ကျော့ပြန် မြေငလျင်ကြီးများကို သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှ သတိပေးထားကြောင်း သိရသည်။

 

#Local_News #ကချင်ပြည်နယ် #တနိုင်းမြို့ #ငလျင်လှုပ် #tthl #Yangon_Times