#Local_News
Published 25 October 2023


ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းကို အသစ်ပြန်လည်တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

အဆိုပါ အောင်ဆန်းအားကစားကွင်းအသစ် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အောက်တိုဘာ ၂၅ ရက် နံနက် ၁၀နာရီက တရုတ်နိုင်ငံ Architectural Design & Research institute of Tongji University(Group) Co.,Ltd မှ Project အဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၂)၌တွေ့ဆုံဆွေးနွေးကြရာ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးတင်မောင်မောင်ကြည်၊ သက်ဆိုင်ရာဌာနမှူးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ Architectural Design & Research institute of Tongji University(Group) Co.,Ltd မှ Project အဖွဲ့ မှ အောင်ဆန်းကွင်း မြေနေရာဆောက်လုပ်ရန် အဆောက်အဦ ဒီဇိုင်း၊ရေအသုံးချမှု၊ ရေဆိုးစွန့်ပစ်မှုတို့နှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များကို MNBC 2020 စံချိန်စံညွှန်းနှင့် ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ တို့တွင် ဖော်ပြထားချက်များနှင့် YCDC Website တို့ကိုလေ့လာ၍ ဆောင်ရွက် သွားမည် ဖြစ်ကာလိုအပ်သည်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #အောင်ဆန်းအားကစားကွင်းအသစ် #YMG/LW #Yangon_Times