#Local_News
Published-24 October 2023

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၈၄)ဦးကို အောက်တိုဘာလ၏ ပထမဆုံးအကြိမ်အနေဖြင့်ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။

 

အောက်တိုဘာလ ၂၄ရက်တွင် EPS စနစ်ဖြင့်စေလွှတ်သောကုန်ထုတ်လုပ်သားသစ် (၁၆၃)ဦးနှင့် စိုက်ပျိုးရေးလုပ်သားသစ် (၂၁)ဦး စုစုပေါင်း (၁၈၄) ဦးကို စေလွှတ်ခဲ့သည်။

 

မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာတွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ  အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းလည်းသိရသည်။

 

စက်တင်ဘာလအတွင်းကလည်း EPS စနစ်ဖြင့် မြန်မာလုပ်သား၇၃၃ဦးကို စေလွှတ်ခဲ့ကြောင်းသိရသည်။

 

#Local_News #EPS စနစ် #မြန်မာလုပ်သား(၁၈၄)ဦး #Yangon_Times/PP