Published 23 October 2023

ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ် အောင်ဇေယျကြိုးတံတားအောက်တွင် ဒိုင်နာယာဉ်မှ အရှိန် မထိန်းနိုင်ဘဲ အနှေးယာဉ် ကို တိုက်မိတာကြောင့် အနှေးယာဉ်မောင်းသူ ထိခိုက်ဒဏ်ရာရရှိ ပြီး စိုးရိမ် ရသည့် အနီ ရောင် အဆင့် တွင် ရှိနေကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်) ထံမှ သိရသည်။

အောက်တိုဘာ ၂၃ရက် နံနက် ၁၀နာရီ ခန့် က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အောင်ဇေယျ ကြိုးတံတားအောက် တွင် ဒိုင်နာယာဉ်မှ တစ်ဖက် ယာဉ်ကြော သို့ အကွေ့တွင် အရှိန်မထိမ်းနိုင်ဘဲ အနှေးယာဉ်ကို တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

'' အနှေးယာဉ်သမား က အသက် ၅၅ နှစ် ဝန်းကျင် ရှိတယ်၊ ဦးခေါင်း ပိုင်း အတော် ထိသွားတယ်၊နောက်စေ့ကွဲပြီး အရေခွံ လန် သွားတယ် စိုးရိမ် ရတဲ့ အနေထားရှိတယ် ''ဟုတွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်) မှတာဝန်ရှိသူကပြောသည်။

အဆိုပါ ယာဉ်တိုက်မှု ကို သက်ဆိုင်ရာမှ လာရောက် စစ်ဆေးပြီး ဒိုင်နာယာဉ်မောင်း ကို ဖမ်းဆီးကာ မြို့နယ်ရဲစခန်းကိုခေါ်ဆောင်သွားကြောင်း၊ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အနှေးယာဉ်မောင်းသူ ကို တွဲလက်လူမှုကူညီရေးအဖွဲ့ မှ အင်းစိန်ဆေးရုံ ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 23 October 2023
#YMG #Yangon_Times #Yangon_Media_Group