Published 23 October 2023

ဂျပန် နိုင်ငံ တိုကျို မြို့ ရှိ မြန်မာ သံရုံး သို့ လေးလ အတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက် ထား သည့် မြန်မာ အလုပ်သမား ၇၀၀၀ ကျော် ရှိကြောင်း ဂျပန် နိုင်ငံဆိုင်ရာ မြန်မာသံရုံး(တိုကျို)၏ ထုတ်ပြန်ချက် အရ သိရသည်။

၂၀၂၃ ခုနှစ် ဇွန်လ အတွင်း ၁၅၇၅ ဦး၊ဇူလိုင် လ အတွင်း ၁၇၅၈ ဦး သြဂုတ် လ အတွင်း ၂၁၈၇ဦးနှင့် စက်တင်ဘာ လ အတွင်း ၂၀၄၇ ဦး အသီးသီး ရှိခဲ့ သည့် အပြင်လက်ရှိအချိန်ထိ စာတိုက်မှ တစ်ဆင့် ပေးပို့ သက်တမ်းတိုး လျှောက်ထားမှုများ နေ့စဉ် ဝင်ရောက် လျက်ရှိကြောင်း သိရသည်။

ကိုဗစ်ကာလ နောက် ပိုင်း ကစပြီး သံရုံးသို့ ကောင်စစ် ကိစ္စများ ဆောင်ရွက်ရန် အတွက် လာရောက် ကြသည့်နိုင်ငံသားများ ပိုမို များပြား လာခဲ့ ရာ အချို့ ရက်များ တွင် သံရုံး၏ ကောင်စစ် အဆောက်အဦးတွင် လက်ခံ နိုင်သည့် လူဦးရေ ထက် များစွာ ကျော် လွန်ခဲ့ သည့် အတွက် လာရောက် ကြသည့်မြန်မာနိုင်ငံသားများ အနေဖြင့် အချိန် ပေးစောင့်ဆိုင်းရမှုများ ရှိလာသလို ကျန်းမာရေး ရှုထောင့် အရ အလေးထားရမည့် အနေထား ဖြစ်လာသောကြောင့် စာအုပ် ထုတ်ယူ ချိန် ကို ယခုလကုန်မှ စပြီး ပြောင်းလဲ သတ်မှတ်လိုက် ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံကူး လက်မှတ် သက်တမ်းတိုး လျောက်ထားပြီး သူများ အနေ ဖြင့် စာအုပ် လာရောက် ထုတ်ယူ ချိန်ကို ယခင် နံနက် ၁၀နာရီ မှ ၁၂နာရီ အတွင်း အစား လာမည့် နိုဝင်ဘာ ၁ရက် မှ စပြီး နေ့လယ် ၁နာရီ ခွဲ မှ ၂နာရီ ခွဲ အတွင်း ပြောင်းလဲ သတ်မှတ် လိုက်ကာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားမည့် သူများအနေဖြင့် ယခင် အချိန် နံနက် ၁၀နာရီမှ ၁၂နာရီ အတွင်း လာရောက် နိုင်ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group