Published_ 21 October 2023

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များနှင့် ရွှေလုပ်ငန်းရှင်များအတွက် ရွှေလုပ်ငန်းလိုင်စင်ငါးမျိုးအပြင်ရွှေမျက်ပါးခတ်လုပ်ငန်းနှင့် ရွှေနန်းဆွဲလုပ်ငန်းလိုင်စင်များကိုလည်းထပ်မံခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည် ။

လတ်တလောတွင် ရွှေနန်းဆွဲ၊နန်းကြိတ်လုပ်ငန်းများနှင့် ဘုရားများ၌ ဆက်ကပ်လှူဒါန်းကြသည့် ရွှေပြားများခတ်လုပ်ကြသည့် ရွှေမျက်ပါးခတ်လုပ်ငန်းများမှလည်း တရားဝင် လိုင်စင်ပြုလုပ်ရန်အတွက်လည်း အရောင်းအဝယ် လိုင်စင်ထောက်ခံချက် များအားထပ်မံ ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

" လိုင်စင်လျှောက်ထားလာရင် ထောက်ခံချက်ပေးသွားမှာဖြစ်ပါတယ် ။ ရွှေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်အားလုံးကို အခမဲ့ဆောင်ရွက်ပေးနေပါတယ် " ဟု ၎င်းကဆက်ပြောသည်။

လတ်တလောတွင် ရွှေဆိုင်လိုင်စင်ထောက်ခံချက်၊ ရွှေသန့်စင်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ ပန်းတိမ်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ အပေါင်ဆိုင်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ ရွှေအတုံး၊ အခဲအရောင်းအဝယ် လိုင်စင်ထောက်ခံချက် များအား ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် အခမဲ့ဆောင်ရွက်ပေးလျှက်
ရှိကြောင်းသိရသည် ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရွှေဆိုင်လုပ်ငန်းတစ်သောင်းကျော်က တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်လျှက်ရှိပြီး တရားဝင်လိုင်စင်များဖြင့် လုပ်ကိုင်ကြရန် လိုအပ်ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group