Published_ 20 October 2023

ဧရာဝတီတိုင်း‌ ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ မြတ်မော်တင်စွန်းစေတီတော်မြတ်၌ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ၂၉ရက်နေ့တွင် ဆီမီးကိုးထောင်၊ ပန်းကိုးထောင်၊ ကပ်လှုပူဇော်မည်ဖြစ်ပြီး မီးပုံးပျံလွှတ်ပွဲလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မြတ်မော်တင်စွန်းဆရာတော်၏ မိန့်ကြားချက်အရသိရသည်။

အဆိုပါ မြတ်မော်တင်စွန်းစေတီတော်တွင် မဟာမြိုင်တောရနှင့် သဲဖြူဓမ္မရိပ်သာဆရာတော်ကြီးနှင့် တပည့်ဒါယကာများက ၁၃၈၅ သီတင်းကျွတ်လဆန်း ၁၄ရက်နေ့ အောက်တိုဘာလ၂၈ရက်နေ့ညတွင် ဘုရားရင်ပြင်တော်ပေါ်၌ အလှုတော်ငွေပေးအပ်ပွဲကို ကျင်းပမည်ဖြစ်ပြီး အလှုရှင်များကို တရားချီးမြှင့်သွားမည်ဖြစ်‌ ကြောင်းသိရသည်။

သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၂၉ရက်နေ့ နံနက်၆နာရီတွင် မော်တင်စွန်းဘုရားအနီးဝန်းကျင်ရှိ
ကျေးရွာများမှ ကျောင်းပေါင်း၅၀မှ သံဃာအပါးပေါင်း ၁၆၀ကို ဆွမ်းသဃ်န်းနှင့် အလှုရှင်များမှ နဝကမ္မအလှုငွေများ
ဆက်ကပ်လှုဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သီတင်းကျွတ်လပြည့်နေ့ညတွင် ဘုရားရင်ပြင်တော်ပေါ်၌ ဆီးမီးကိုးထောင် ပန်းကိုးထောင်ကို ကပ်လှုပြီး မီးပုံးပျံလွှတ်မည်ဖြစ်‌ကြောင်း၊ သီတင်းကျွတ်လပြည့်ကျော်၁ရက်နေ့ အောက်တိုဘာလ၃၀ရက်နေ့တွင် မြတ်မော်တင်ဘုရား၏ မူလဘုရားဒါယကာဇေယျသေန နဂါးမင်းနှင့် နဂါးမျိုးနွယ်များအား နဂါးစာကျွေး မွေးလှုဒါန်းပွဲကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်‌ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group