Published 20 October 2023

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် (အနောက်ဘက်မုခ် နှင့် ပြည်သူ့ရင်ပြင်) မြေအောက်လမ်းကူး လူသွားဥမင်တည်‌ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြီးကြပ် တည်ဆောက်မည့် ရွှေတိဂုံစေတီ တော် (အနောက်ဘက်မုခ် နှင့် ပြည်သူ့ရင်ပြင်) မြေအောက်လမ်းကူး လူသွားဥမင်တည်‌ဆောက်ခြင်း မြေသန့်မင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၁၉ရက် နံနံက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ မြေအောက်လမ်း ကူးလူသွားဥမင် (Underpass) တည်ဆောက်ရခြင်းမှာ ရွှေတိဂုံ‌စေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများ သွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရန်၊ ခေတ်မီအခြေခံ အဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေ ရန်ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဥမင်လူသွားလမ်းမှာ အကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက်ပေါက်လေးခု၊ ရွေ့လျားစက်လှေကား လေးစင်း၊ မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၁၀ ယောက်စီးနှစ်စင်းနှင့် စီမံကိန်းကာလမှာ ၁၄ လခန့် ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group