Published_ 19 October 2023

ယခုနှစ် (၉)လအတွင်း YBS ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက် မှု အမှုပေါင်း ၁၇၅၄၅ မှုရှိခဲ့ကြောင်း YRTC က သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ထိ ၉လအတွင်းစည်းကမ်းဖောက်ဖျက်မှုများကို အရေးယူမှုပြု လုပ်ရာတွင် မှတ်သားဖမ်းဆီးမှုဖြင့် အမှု ၁၂၁၇၈ မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

ယင်းအပြင် Control Centre မှ cctv ဖြင့် မှတ်သားဖမ်းဆီးမှု ၁၂၁၇၈ မှု၊ တိုင်ကြားမှု ၆၆၉ မှု၊ Facebook အမှု ၆ မှု၊ မီးနီဖြတ်မောင်းမှု ၁၉၃၂ မှု၊ သတ်မှတ်ကီလိုမီတာထက် ကျော်လွန်မောင်းနှင်မှု ၁၀၀၈ မှု၊ သတ်မှတ်လမ်း ကြောင်းအတိုင်း မမောင်းနှင်မှု ၈၉ မှု၊ မဆင်မခြင်မောင်းနှင်မှု ၁၆၆ မှု၊ အခြားအမှု ၇၇၅ မှု၊ ရပ်နားချိန်ကြာမြင့်မှု ၁၈၂ မှု၊ ယာဉ်တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု ၅၃၆ မှု၊ မချေမငံပြောဆိုမှု ၄ မှု၊ စုစုပေါင်း ၁၇၅၄၅ မှုဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုများအနက် အမှု ၈၅၁၃ မှုကို မော်တော်ယာဉ်အန္တရာယ်ကင်းရှင်းရေး ဥပဒေပုဒ်မ ၉၆ ဖြင့် အရေးယူ ထားပြီးဖြစ်ကြောင်း YRTC ၏ စာရင်းများတွင် ဖော်ပြထားသည်။

အရေးယူမှုများပြုလုပ်ရာတွင် ပထမအကြိမ်အဖြစ် ဒဏ်ငွေဆောင်ရမည်ဖြစ်ပြီး သုံးကြိမ်မြောက်ကျူးလွန်ပါက ယာဉ်လိုင်းမှ ရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon-Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group