#Local_News
Published_ 13 October 2023


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးကျင်းပသည့်'မြန်မာရုပ်ရှင်နေ့' နှင့်(၄၆)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာလ(၁၃)ရက်တွင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ(၁၃)ရက်နေ့သည်  (၁၀၃)နှစ်ပြည့် ‘မြန်မာရုပ်ရှင်နေ့’ဖြစ်သလို အဆိုပါနေ့တွင် အစဉ်အလာမပျက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားကျင်းပခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အခမ်းအနားတွင် ရုပ်ရှင်သက်ကြီးပညာရှင် (၃၀)ဦးခန့်ကိုပူဇော်ကန်တော့ခဲ့ကြောင်းနှင့်  သက်ကြီးပညာရှင်စုစုပေါင်း(၁၄၀)ကျော်ကို ပူဇော်ကန်တော့သွားမည်ဖြစ်သည် ဟုဆိုသည်။

 

(၄၆)ကြိမ်မြောက်ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက် သရုပ်ဆောင်၊ ဇာတ်ညွှန်း၊တည်းဖြတ် အစရှိသည့် ရုပ်ရှင်လောကသားများ၊ ရုပ်ရှင်ထုတ်လုပ်ရေးများ၊ရုပ်ရှင်ရုံမိသားစုများ၊ဗီဒီယိုအခြေခံအဖွဲများ၊ အနုပညာရှင်များ၊ဒီဇိုင်းနာများနှင့် အလှူရှင်များမှပါဝင်လှူဒါန်းခဲ့ကြ‌ကြောင်း သိရသည်။

 

#Local_News #'မြန်မာရုပ်ရှင်နေ့' #ရုပ်ရှင်သက်ကြီးပူဇော်ပွဲ
#tthl #Yangon_Times