#Local_News
Published_ 11 October 2023


ထေရ်ကြီးဝါကြီးသံဃာတော်များကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် နေပြည်တော်ကောင်စီအတွင်းရှိ သံဃာတော်၊ သီလရှင်များကို ဘီပိုးကာကွယ်ဆေးထိုးပေးနိုင်ရန်စီစဉ်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

 

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ ပရိယတ္တိစာသင်တိုက်ကြီးများနှင့် ကမ္မဌာန်း ရိပ်သာအသီးသီးမှ ထေရ်ကြီးဝါရ်ကြီးဆရာတော်ကြီးများ၏ ကျန်းမာရေးနှင့်ပတ်သက်၍လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှု(Medical Checkp-Up)ကိုဆောင်ရွက်ပြီး နိုင်ငံတော်၏ကိုယ်စားဆရာတော်ကြီးများကို စောင့်ရှောက် သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးမှထည့်သွင်းပြောကြား ခဲ့သည်။


ယင်းအပြင်နေပြည်တော်ကောင်စီအတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ သံဃာတော်၊သီလရှင်များကိုဘီပိုးကာကွယ် ဆေးထိုးပေးနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

 

အစည်းအဝေးတက်ရောက်လာသူများမှ သက်တော်(၆၅)နှစ်အထက်ထေရ်ကြီးဝါရ်ကြီးဆရာတော်ကြီးများ၊ နိုင်ငံတော်အဆင့် ထေရ်ကြီးဝါရ်ကြီးဆရာတော်ကြီးများကိုကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးနိုင်ရေးနှင့် နေပြည်တော်ကောင်စီအတွင်းရှိ သံဃာတော်၊ သီလရှင်များကိုဘီပိုးကာကွယ်ဆေးထိုးပေးနိုင်ရေးလုပ်ငန်းစဉ် များအကြောင်းကို ဆွေးနွေးအကြံပြုခဲ့ကြောင်းသိရသည်။


#Local_News #ထေရ်ကြီးဝါကြီးသံဃာတော် #ကျန်းမာရေးစစ်ဆေး #ဘီပိုးကာကွယ်ဆေး
#tthl #Yangon_Times