#Local_News
Published_ 11 October 2023


နေရပ်ပြန်လိုသည့် ခက်ခဲနေသည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများကို ဆက်သွယ်ကူညီပေးခြင်းအပြင် ကယ်ဆယ်ရေးလေယာဉ်Rescue Flightများစီစဉ်ပေးပြီး ပြန်လည်ခေါ်ဆောင်ပေးရန်အစီအစဉ်ရှိကြောင်း အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့အခြေစိုက်၊ မြန်မာသံရုံး၏ထုတ်ပြန်ချက်အရသိရသည်။

 

ထုတ်ပြန်ချက်တွင် မြန်မာသံရုံး၊ တဲလ်အဗီးမြို့အနေဖြင့် နေရပ်ပြန်လိုသူများနှင့် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများရှိပါက သံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားပြီးဖြစ်ကြောင်း၊

 

လက်ရှိအခြေအနေ၌ အစ္စရေးနိုင်ငံတွင် Commercial Flightအချို့ရပ်နားထားမှုများရှိနေသော်လည်း အခက်အခဲ ကြုံတွေ့နေသူ၊နေရပ်ပြန်လိုသူမြန်မာနိုင်ငံသားများရှိပါက မြန်မာသံရုံးအနေဖြင့် သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူ များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လိုအပ်ချက်များရှိလာခဲ့လျှင် မိမိတို့နိုင်ငံ အစီအစဉ်ဖြင့် Rescue Flightစီစဉ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်၍ မြန်မာသံရုံး၊ တဲလ်အဗီးသို့ ဆက်သွယ်နိုင်ကြောင်း ထပ်မံ အသိပေးထားသည် ဟုဖော်ပြပါရှိသည်။

 

#Local_News #အစ္စရေးရောက်မြန်မာနိုင်ငံသားများ #လေယာဉ်ဖြင့်ပြန်ခေါ်မည်
#tthl #Yangon_Times