Published_ 07 October 2023

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း ၏ အခေါက်ရွှေရည်ညွှန်းဈေးနှုန်းသည် အောက်တိုဘာ ၇ရက်တစ်ရက်တာအတွင်းကျပ်ခုနှစ်သိန်းကျော်ဝန်းကျင်အထိ ခုန်တက် လျှက်ရှိကြောင်း ယင်းအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗဟိုဘဏ်လေလံဈေးနှုန်းအပေါ်အခြေပြုတွက်ချက်ထားသည့် အခေါက်ရွှေတစ်
ကျပ်သားကို ကျပ် 2,866,300 ဖြင့်ဈေးဖွင့်လာပြီး ယမန်နေ့ကထက်ကျပ် 721,000 အထိဈေး
နှုန်းမြင့်တက်နေကြောင်း သိရသည် ။

ယခင်နေ့များက ဗဟိုဘဏ် ပေါက်ဈေးဖြစ်သည့်ကန်ဒေါ်လာတစ်ဒေါ်လာလျှင် 2100ကျပ်ဖြင့်သာတွက်ချက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်အခြေပြုတွက် ချက်ထားသည့်ဗဟိုဘဏ်လေလံဈေးနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်2932 ကျပ်ဖြင့်တွက်ချက်ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌဦးမျိုးမြင့်က ရန်ကုန်မီဒီယာဂရုကိုပြောသည် ။

အဆိုပါ ရည်ညွှန်းဈေးနှုန်းများသည် ပြင်ပပေါက်ဈေးများနှင့်ကွာဟနေဆဲဖြစ်ပြီး ယနေ့တွင် ပြင်ပပေါက်ဈေး၌အခေါက်ရွှေတစ်ကျပ်သားလျှင်ကျပ်အဝယ် ကျပ် 3,300,000နှင့် အရောင်း ကျပ် 3,380,000 အထိရှိနေကြောင်းသိရသည်။

လတ်တလောတွင် ရွှေဈေးကွက်အတွင်း၌ ဝယ်လိုအားထက် ရောင်းလိုအားများနေပြီးပြည်တွင်းဒေါ်လာဈေး ငြိမ်နေသည့်အတွက် ကမ္ဘာ့ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ဈးနှုန်း
ဆက်လက်ကျဆင်းနိုင်ကြောင်း ဦးမျိုးမြင့်က ဆိုသည်။

ယနေ့တွင် ကမ္ဘာ့ရွှေတစ်အောင်စလျှင် ကန်ဒေါ်လာ 1833 အထိရှိနေပြီးပြီးခဲ့သည့်အပတ်ကထက်ဈေးနှုန်းကျဆင်းနေကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group