Published 07 _October 2023

 စက်သုံးဆီ 92 တစ်လီ တာ ကို ရန်ကုန်ဈေးကွက် တွင် ကျပ် ၂၀၀၀အောက် ကျဆင်းလာချိန် တွင် ဆီဆိုင်များ၌ လိုအပ်သည့်အချိန်တိုင်း ဆီဝယ်ယူလို့မရဖြစ်နေကြောင်း မြို့တွင်း အငှားယာဥ်မောင်းသူများထံက သိရသည်။

   အောက်တိုဘာလ အစက စတင်ပြီး စက်သုံးဆီ ဈေး တဖြည်းဖြည်း ကျလာခဲ့ခြင်းကြောင့်
စက်သုံးဆီ အခြေခံ ပြီး သယ်ယူပို့ဆောင်ရေးလုပ်သူများ အဆင်ပြေလာသော်လည်း ဆီဝယ်ယူရာတွင် လိုအပ်သည့် အချိန်တိုင်းမရရှိမှုတွေဖြစ်နေကြောင်း သိရသည်။

"" အခုမနက်ဆိုရင် ဆီဆိုင်တော်တော်များများမှာ 92 ကော95ကော မရဘူး၊ဆီဈေးကျလာကတည်းက ညနေပိုင်းတွေ ဆို ဆီကုန်သွားပြီ ဆီမရှိတော့ဘူး နဲ့ ထည့်မရလို့ ဆီကို မနက်ကတည်းက ဟိုဆိုင်သည်ဆိုင်ရွေးမနေနိုင်တော့ဘူး ရတဲ့ဆိုင်မှာရသလိုထည့်ထားနေရတယ် ""ဟု အင်းစိန်မြို့နယ်က အငှားယာဥ်မောင်းသူတစ်ဦးကပြောသည်။

 ရန်ကုန်တိုင်းရှိ အခြား မြို့နယ် များ တွင်လဲစက်သုံးဆီ ဝယ်ယူရခက်နေကြောင်း အငှားယာဥ်မောင်းများ စုစည်းထားသည့် လူမူကွန်ယက်စာမျက်နှာများတွင်လဲရေးသားထားသည်ကိုတွေ့ရသည်။

  ယနေ့အောက်တိုဘာ၇ရက် စက်သုံးဆီ ရန်ကုန်ဈေးကွက် တွင်92တစ်လီတာ လျှင် ၁၉၄၅ကျပ် ၊ 95တစ်လီတာလျှင်၂၀၄၅ကျပ် ဒီဇယ်တစ်လီတာလျှင် ၂၂၂၅ကျပ်၊ပရီမီယံ ဒီဆယ်တစ်လီတာလျှင် ၂၂၆၅ကျပ် ဖြစ်ကြောင်း သိရသည်။
Yango_Times/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group