#Local_News
Published_ 30 September 2023

နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) ဝန်ထမ်းများကို အပိုထောက်ပံ့ကြေးအဖြစ် တစ်လလျှင့် ကျပ်သုံးသောင်း ချီးမြှင့်သွားမယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

နိုင်ငံတော်အတွင်းနိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော် (ကြည်း၊ရေ၊လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပို ထောက်ပံ့ကြေးအဖြစ် တစ်ဦး လျှင် တစ်လကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင်ပြုသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

အလားတူ အစိုးရဌာနများနှင့် အဖွဲ့အစည်များရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကိုအလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ထောင်ကျပ်တိတိထပ်မံခံစားခွင့်ပြုသွားမှာလည်းဖြစ်ပါတယ်။

 

အဆိုပါ အပိုထောက်ပံ့ကြေးခံစားခွင့်ပြုမည့် ကိစ္စရပ်နှင်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း အမိန့်ကြေညာစာထုတ်ပြန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

 

#Local_News #နိုင်ငံ့ဝန်ထမ်းများ #တပ်မတော်သား #အပိုထောက်ပံ့ကြေးသုံးသောင်းကျပ်
#Yangon_Times