#Local_News
Published 25 Setember 2023

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအရှေ့ပိုင်းမြို့နယ် တပင်ရွှေထီးတာဝါအနီး တွင် ယနေ့နံနက်ပိုင်းကမီးလောင်မှုဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်မှုအရသိရသည်။

 

စက်တင်ဘာ၂၅ရက် နံနက် ၅နာရီ အချိန်ခန့်က လောင်ကျွမ်းတာဖြစ်ပြီး တပင်ရွှေထီးတာဝါဘေးရှိ လူနေအဆောင် တစ်ခု မီးလောင်ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူတို့၏ ပြောကြားချက်အရသိရသည်။

 

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးထွက်ခွာငြှိမ်းသတ်ခဲ့ကာ ၀၅ ၂၀ အချိန် မီးထိန်းနိုင်ခဲ့ပြီး ၀၅ ၂၂အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်မှု ဖြစ်စဉ်နှင့်ဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာကစိစစ်လျက်ရှိကြောင်းသိရသည်။

 

#YMG/LW #Local_News #လှိုင်သာယာအရှေ့ပိုင်း #မီးလောင်မှုဖြစ်
#Yangon_Times