Published_ 24 September 2023

 စက်တင်ဘာလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ထပ်တိုးခွင့်ပြုပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်း ထုတ်ပြန်မှုအရသိရသည်။

      လက်ရှိမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၄၈၀ နီးပါးရှိလာပြီး သြဂုတ်လအတွင်း အေဂျင်စီအသစ် ၁၂ခု ထပ်တိုးဖွင့်လှစ်ခဲ့ကာ စက်တင်ဘာလမှာလည်းနောက်ထပ်၁၀ခုထပ်တိုးလာ ခြင်းဖြစ်ကြောင်းသိရသည်။

       ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအရေအတွက် မှာ ကိုဗစ်မဖြစ်ခင်ကာလ က၃၀၀လောက်သာရှိခဲ့ပြီးကိုဗစ်ဖြစ်ပြီးနောက်ပိုင်းတွင်ပိုမိုများပြားလာခြင်း ဖြစ်သည်။

 "" ကိုဗစ်ဖြစ်ပြီး နောက်ပိုင်းမှာ အေဂျင်စီအသစ်တွေ ပိုများလာတယ် ပြည်ပထွက်ပြီး
အလုပ်လုပ်တဲ့သူကလဲ အရမ်းများလာတယ်ဒါကြောင့်  စီးပွားရေးသမား အချို့က 
ဒီဘက်မှာ လာပြီး လုပ်ကိုင်လာကျတယ်၊လက်တလော ပြည်ပအလုပ်အကိုင် ဈေးကွက်က ပုံမှန်ပါဘဲ အရမ်းကောင်းနေတာမျိုးမဟုတ်ပါဘူး""ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    ပြည်ပအလုပ်အကိုင်အေဂျင်စီလိုင်စင်လျှောက်ထားရာတွင် အာမခံငွေကျပ်သိန်း၂၀၀အပြင် မန်နေဂျင်းဒါရိုက်တာ တဦးတည်းအမည်ဖြင့်ဘဏ်ထဲတွင် ကျပ်သိန်းတထောင်စုဆောင်းထားရှိကြောင်းသက်သေပြရမည်ဖြစ်ကာ လစဥ်ငွေရှိနေမူအခြေအနေကိုလည်းတင်ပြရမည်ဖြစ်သည်။

    အဆိုပါ ငွေကျပ်သိန်းတစ်ထောင်ကိုခြောက်လပြည့်ပြီးပါက ဘဏ်ကနေထုတ်ပြီးလှည့်လည်သုံးစွဲခွင့်ရှိသော်လည်းလိုင်စင်သက်တမ်းတိုးလျှောက်ရာတွင် ဘဏ်ထဲကျပ်သိန်းတထောင်ရှိသည့် အချက်အလက်ပြန်ပြရမည်ဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနကထုတ်ပြန်ထားသည်။

     လိုင်စင်ရရှိပါက နိူင်ငံအလိုက် နှစ်စဥ်အနည်းဆုံးပို့ရမယ့် အလုပ်သမားစာရင်း
များမှာ  ထိုင်း  ၁၅၀ဦး၊ မလေးရှား ၄၀ဦး၊ ဂျော်ဒန်၂၅ဦး၊ စင်ကာပူ၊ယူအေအီး၊ကာတာ၊ မကာအို  ၁၀ဦးစီနှင့်ဂျပန်ကို ၆ဦး ပို့ပေးနိူင်ရမည်ဟု သတ်မှတ်ထားကြောင်းသိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times