Published_ 23 September 2023

ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင်ဘိလိယက်ကစားသမား ဦးပေါက်စကို နည်းပြအဖြစ် အင်ဒိုနီးရှားနိုင်ငံမှ ငှားရမ်းခဲ့ပြီး စက်တင်ဘာလ၁၆ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာသွားပြီဖြစ် ကြောင်းမြန်မာဘိလိယက်နှင့်စနူကာအဖွဲ့မှသိရသည်။

အင်ဒိုနီးရှားနိုင်ငံမှ နည်းပြအဖြစ်Contract စာချုပ်ချုပ်ဆိုပြီး စာချုပ်အရစားရိတ်ငြိမ်း(4)လ၊တစ်လလျှင် US$ dollar 3000ဖြင့်သွားရောက်သင်ကြားပေးရမည်ဟုဆိုသည်။

မြန်မာ့လက်ရွေးစင်ဘိလိယက်ကစားသမား ဦးပေါက်စသည် တိတ်တဆိတ်လူသတ်သမား(Silent killer)ဆိုတဲ့ (nick name) နဲ့နိုင်ငံတကာ အားကစားသမားတွေကြား လူသိများသူဖြစ်ပြီး အမှတ် (1000) break ထိုးနိုင်သူ ဖြစ်ကြောင်း၊ ယနေ့ကာလတွင်အမှတ်(1000)break ထိုးနိုင်သူ ကမ္ဘာတလွှား တွင်ပင်သက်ရှိထင်ရှား (5)ယောက်ပင်မရှိတော့ကြောင်း မြန်မာဘိလိယက်နှင့်စနူကာအဖွဲ့ဥက္ကဌ၏ရေးသားချက်အရသိရသည်။

‘‘မြန်မာအားကစားသမားတယောက် နိုင်ငံခြားထွက်ပြီးနည်းပြပေးရတာ တစ်ခြားနိုင်ငံတစ်ခုက မြန်မာတစ် ယောက်ကိုနည်းပြအဖြစ်ခေါ်ယူ ငှားရမ်းခဲ့တာ ကျွန်တော်မကြားဘူးပါ၊ရှိခဲ့ရင်လည်း ရှားရှားပါးပါးဘဲဖြစ်မှာပါ’’ဟု မြန်မာဘိလိယက်နှင့်စနူကာအဖွဲ့ဥက္ကဌမှသူ၏လူမှုကွန်ရက်ပေါ်တွင်သုံးသပ်ရေးသားထားသည်။

ဦးပေါက်စသည်2022 Vietnam နိုင်ငံမှာ ကျင်းပတဲ့ SEA Games ပြိုင်ပွဲနှင့်2023 Cambodia နိုင်ငံမှာကျင်းပတဲ့ SEA Games ပြိုင်ပွဲ ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲများမှ နိုင်ငံအတွက်ရွှေတံဆိပ် (2)ခုရယူပေးနိုင်သူတစ်ဦး ဖြစ်ပြီး ဇူလိုင်လတုန်းကလည်းမလေးရှားနိုင်ငံသို့ နည်းပြအဖြစ် သွားရောက်ခဲ့ပြီးပြီဖြစ်ကြောင်းလည်းသိရသည်။
#Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group