Published_ 20 September 2023

မြန်မာအမျိုးသားလေကြောင်း က ရန်ကုန်မှ ဗန်ကောက်သို့ လေကြောင်းကုန်စည် ပို့ဆောင်ရေးခရီးစဉ်ကို စက်တင်ဘာ ၁၉ ရက်တွင် စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း သိရပါတယ်။

ပထမဦးဆုံးပျံသန်းတဲ့ ကုန်တင်လေယာဉ်ခရီးစဉ်တွင် ကုန်စည်စုစုပေါင်းတန်ချိန် ၁၅ ဒသမ ၉ တန် သယ်ယူ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၅ ရက်တွင် ရောက်ရှိခဲ့တာဖြစ်ပြီး ကုန်တန်ချိန် ၁၈ တန် အထိ သယ်ဆောင်နိုင်ကြောင်း သိရပါတယ်။

နိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်းဟာ ခရီးသည်တင် လေယာဉ်ခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲလျက်ရှိရာမှ လေကြောင်းဖြင့် ကုန်စည်များသယ်ယူပိုဆောင်ရေးကိုပါ တိုးချဲ့ဆောင်ရွက်လာတာဖြစ်ပါတယ်။

ပထမဦးဆုံး လေကြောင်းကုန်စည်ပိုဆောင်ရေး ခရီးစဉ်အဖြစ် Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဗန်ကောက်မြိုသို့ စတင်ပျံသန်းပြေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။

ကုန်တင်လေယာဉ်ခရီးစဉ်များကို ဒေသတွင်းနိုင်ငံများ ဖြစ်တဲ့ တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတိုသို့လည်း တိုးချဲ့ပျံသန်းပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News
#Published_ 20 September 2023
#YMG #Yangon_Times #Yangon_Media_Group