Published_ 19 September 2023

ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတား၊ မဲဆောက်ဘက်ခြမ်း တွင် ဈေးရောင်းနေသည့် မြန်မာနိုင်ငံသား အမျိုးသမီးလေးဦး အဖမ်းခံရကြောင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှဌာနများ၏ ထုတ်ပြန်ချက် အရ သိရသည်။

စက်တင်ဘာ ၁၈ ရက် နေ့ လယ် ပိုင်းက အဖမ်းခံရခြင်း ဖြစ်ပြီး အဆိုပါ မြန်မာနိုင်ငံသား အမျိုးသမီးလေးဦးမှာ မြဝတီ ဘက်မှ လာရောက် ရောင်းချသည့် ခေါင်းရွက်ဗျတ်ထိုးဈေးသည်များဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူ ၄ ဦးအနက် ၃ ဦးမှာ အလုပ်လုပ်ရန်ခွင့်မပြုထားသည့် နယ်စပ်ဖြတ်ကျော်လက်မှတ် ၇ ရက်နေထိုင်ခွင့်ကဒ်ပြုလုပ်၍ ဝင်သူများဖြစ်ကာ ဈေးလာရောက် ရောင်းချ ခြင်းကြောင့် ဖမ်းစီးခံ ရ ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုတို့ဖြင့် စွဲချက်တင်ကာ ဥ‌ပဒေအရ အရေးယူဆောင်ရွက်ဖို့ မဲဆောက်ရဲစခန်းကို ပို့ဆောင်ထားကြောင်း သိရသည်။
YMG/LW
#Local_News
#YMG #Yangon Time