#Local_News
Published_ 16 September 2023


အခုရက်ပိုင်းအတွင်း စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ သောင်ရင်းမြစ်ရေများကြီးမည်ဖြစ်၍ မဒေါက်မြို့၊ပဲခူးမြို့၊ မြဝတီမြို့နေထိုင်သူများ အထူးသတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။

 

စစ်တောင်းမြစ်သည် စိုးရိမ်ရေအမှတ်အထက်(၁)ပေခွဲခန့်ရှိနေပြီး နောက်(၁)ရက်အတွင်း (၂)လက်မခန့်မြင့် လာကာယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။

 

ပဲခူးမြစ်သည် စိုးရိမ်ရေအမှတ်အထက်(၂)လက်မကျော်နေပြီး နောက်(၁)ရက်အတွင်း (၂)လက်မခန့်မြင့် လာကာယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။


သောင်ရင်းမြစ်သည် စိုးရိမ်ရေအမှတ်အောက်(၂)ပေခန့်ရှိနေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေ အမှတ်တွင်တည်ရှိနိုင်သည်ဟု ဆိုသည်။

 

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၇)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက်သို့ပြန်လည်ကျဆင်းနိုင်ကြောင်း၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၈)လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။


#tthl #Local_News #စစ်တောင်းမြစ် #ပဲခူးမြစ်
#Yangon_Times