#Local_News
Published_ 15 September 2023


မွန်ပြည်နယ်၊သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်တွင် ဓာတ်တိုင်ပေါ်သို့ လျှပ်စစ်ဝါယာကြိုးတက်ခိုးသည့် အမျိုးသား ဓာတ်လိုက် သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ အမျိုးသားမှာ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက် ဓာတ်တိုင်ပေါ်သို့ လျှပ်စစ်ဝါယာကြိုးတက်ခိုးခဲ့စဉ် ဓာတ်လိုက်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း ၊ စေတနာရှင်လူမှုကူညီရေးအသင်းက ဝါယာကြိုးတက်ခိုးသည့် အမျိုးသား၏ ရုပ်အလောင်းကို ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက် ၆နာရီ ခွဲအချိန်ခန့်က ဓာတ်တိုင်ပေါ် တက်အောက်သို့ ချခဲ့ရကြောင်း သိရသည်။

 

အလားတူ ဖြစ်စဉ်မျိုး ကချင်ပြည်နယ် ၊ ဖားကန့်မြို့၊ ဆိုင်းတောင် (ခ) ဆိပ်မူ ရပ်ကွက် တွင် စက်တင်ဘာလ ၃ ရက်ကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် စက်တင်ဘာလ ၈ ရက် ကလည်း ကောင်း ဖြစ်ပွားခဲ့ကြသေးကြောင်းလည်း သိရသည်။

 

#Local_News #လျှပ်စစ်ဝါယာကြိုးတက်ခိုး #ဓာတ်လိုက်သေဆုံး
Yangon_Times/PP