#Local_News
Published_ 13 September 2023


၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးငယ် တစ်သိန်းကျော်၊ အသက်(၈၅)နှစ်အထက်ဘိုးဘွားသုံးသောင်းကျော်ကို ထောက်ပံ့ကြေး များပေးသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

 

ယင်းကဲ့သို့ထောက်ပံ့ပေးမည့်အကြောင်းကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ကျင်းပသည့် ကိုယ်ဝန်ဆောင်၊ ကလေးငယ် နှင့်သက်ကြီးဘိုးဘွားများ၊ စေတနာဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးက ‘၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် (၁၁၈၇၆၆)ဦးအတွက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လူမှုရေးပင်စင်အစီအစဉ်အနေဖြင့် အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွား(၃၁၇၇)ဦးကို ထောက်ပံ့ နိုင်ရေးဆောင်ရွက်ပေးသွားမည်’ ဖြစ်ကြောင်း ပြောခဲ့သည်။


လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်နှစ်နှစ်အောက်ကလေးငယ်များ၊ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ငွေကျပ်၆၂၇၉ ဒသမ ၅၄၉ သန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

#tthl #Local_News #ဧရာဝတီတိုင်း #ကလေးငယ်တစ်သိန်းကျော် #ထောက်ပံ့ကြေးပေးမည်
#Yangon_Times