#Local_News
Published_ 12 September 2023


မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းလေပြင်းထန်သဖြင့် ရန်ကုန်မှစစ်တွေသို့ ထွက်ခွာလာသည့် ဘိလပ်မြေအိတ်များ တင်လာသည့်ကုန်တင်ရေယာဉ် MVရွှေအိမ်သည်ရေယာဉ်သည်ရေဝင်တိမ်းစောင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါရေယာဉ်တွင် ဘိလပ်မြေအိတ်တန်၄၀၀၀ခန့် တင်ဆောင်လာပြီး စက်တင်ဘာလ၁၀ ရက်ည၁၀နာရီခန့်တွင် ရာသီဥတုဆိုးရွားပြီး လှိုင်းလေပြင်းထန် သည့်အတွက် ရေယာဉ်တိမ်းစောင်းကာ ရေယာဉ်စက်ခန်းအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည်ဟုဆိုသည်။

 

ယင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီး မြန်မာ့ပင်လယ်ပြင်တွင်လုံခြုံရေးဆောင်ရွက် နေသောတပ်မတော်ရေမှလုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာပြီး စက်လှေ၏စက်ခန်းမှရေများကိုစုပ်ထုတ်ပေးခြင်းနှင့်လိုအပ်သောကူညီကယ်ဆယ်ရေးများကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#tthl #MVရွှေအိမ်သည်ရေယာဉ် #ဘိလပ်မြေအိတ်တင်လာ
#Yangon_Times