Published_ 11 September 2023

‘ကမ္ဘာ့ခရီးသွားနေ့’အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြိုင်ပွဲကျင်းပခဲ့ပြီး ဆုရရှိသူစာရင်းကို စက်တင်ဘာလ ၁၁ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန Facebook Pageတွင် ထုတ်ပြန်ကြေညာလိုက်ပြီး စက်တင်ဘာလ (၂၇)ရက်နေ့တွင်နေပြည်တော်တွင်ကျင်းပမည့် ‘ကမ္ဘာ့ခရီးသွားနေ့’တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ခရီးသွားနေ့အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြုပ်နှံမှုမြှင်တင်ပေးရေး ခေါင်းစဉ်ဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲကျင်းပခဲ့ပြီး ပထမဆု၊ဒုတိယဆု၊တတိယဆုနှင့်နှစ်သိမ့်ဆု(၁၅)ဆုကို ရွေးချယ်ပြီး ဆုချီးမြှင့်သွားမည်ဖြစ်သည်။

ဆုရရှိသွားသူများကတော့ ပထမဆု ဦးအောင်မြတ်မင်း(မာရဝိဇယရုပ်ပွားတော်ပုံ)၊ဒုတိယဆု ဦးမြင့်သန်း(ဓာတ်တော်တောင်အတွင်းဆွမ်းလောင်းလှူခြင်းပုံ)၊တတိယဆု ဦးကျော်ဇာမင်း (အရမ်းလှပသော ဦးပိန် တံတားကြီး၏နံနက်ခင်းနေထွက်ချိန်အလှပုံ)များဖြင့်ဆုများရရှိခဲ့သည်။

နှစ်သိမ့်ဆု(၁၅)ဆုကိုတော့ ဂုတ်ထိပ်တံတား၊ဒီဇင်ဘာပန်းပွဲတော်(ပြင်ဦးလွင်) ၊ဖိုဝင်တောင်ဂူဘုရားအလှ၊ ယင်းနက်လူမျိုး၊တောကျယ်ရေတံခွန်၊တိမ်ပင်လယ်၊ပတ္တူပေါက်ကျေးရွာရူခင်းနှင့်တိုင်းရင်းသူများ(အောင်ပန်း)၊ဇွဲကပင်တောင်နှင့်ကျောက်ကလပ်၊ပြင်ဦးလွင်မီးပုံးပျံပွဲတော်၊ဘုရားပွဲဆီမီးထွန်းအလှ၊အညာရက်ကန်း၊ ကမျှော ကင်းဆိပ်ကမ်း (ထားဝယ်)၊ပုဂံအလှစသည့်ပုံများကိုရိုက်ကူးဖန်တီးခဲ့ကြသော ဓာတ်ပုံဆရာများရရှိခဲ့သည်။

ဆုရွေးချယ်ခံရသူများအနေဖြင့် ဆုရွေးချယ်ခံရသောဓာတ်ပုံများအတွက် (300dpi)CDပုံများနှင့် ဆုရရှိသူ၏ဓာတ်ပုံ၊ ကိုယ်ရေးအကျဉ်းကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးရုံးသို့ (၃)ရက်အတွင်း ပေးပို့ရန်နှင့် အချိန်မီမပို့နိုင်ပါကပယ်ဖျက်နိုင်ကြောင်းနှင့် ပထမ၊ဒုတိယ၊တတိယဆုရသူများအနေဖြင့် ဆုချီးမြှင့်အခမ်းအနားသို့မပျက်မကွက်တက်ရောက်ရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times