Published_ 9 September 2023

မြန်မာနိုင်ငံသို့ဝင်ရောက်လာသော ပြည်ပခရီးသွားများအနေဖြင့် ကိုဗစ်ဓာတ်ခွဲမှုအဖြေနှင့် ကာကွယ်ဆေးထိုး လက် မှတ်ပြသရန်မလိုအပ်တော့ဘဲ နိုင်ငံခြားခရီးသွားများအနေဖြင့် ကျန်းမာရေးအာမခံကိုဝယ် ယူထား ကြောင်းအထောက်အထားများကိုသာပြသရမည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှသိရသည်။

အဆိုပါ ခရီးသွားများ အနေဖြင့် မြန်မာ့ အာမခံလုပ်ငန်းမှဝယ်ယူထားသည့် ကျန်းမာရေးအာမခံကိုဖြစ်စေ၊ သက်ဆိုင်ရာ နိုင်ငံများမှ ဝယ်ယူလာသည့် ကျန်းမာရေးအာမခံ ကိုဖြစ်စေ ဝယ်ယူထားကြောင်း အထောက် အထားများကို သက်ဆိုင်ရာဝင်၊ထွက်ဂိတ်များရှိ ကျန်းမာရေးအရာရှိထံသို့ တင်ပြရမည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့် ကပြောသည်။

သို့သော်လည်း ပြည်ပမှပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသားများ အနေဖြင့် ကျန်းမာရေးအာမခံပြသ ရန်မလိုအပ်တော့ဘဲ လေဆိပ်တွင်ကျန်းမာရေးစစ်ဆေး မှုများဆောင်ရွက်ချိန် ကိုဗစ်-၁၉ ရောဂါတွေ့ရှိပါက ဆေးရုံ၊ ကွာရန်တင်းစင်တာများ သို့ပို့ဆောင်၍ ကျန်းမာရေးစောင့် ရှောက်မှုများဆောင်ရွက်ပေးနေကြောင်း သိရသည်။

“အရင်တုန်းကဆိုရင် ဝင်ရောက်လာတဲ့ခရီးသည်တွေ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးလက်မှတ်ပြရတယ်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးလက်မှတ်မပါရှိတဲ့ခရီး သည်တွေဆိုရင်တော့ ၄၈နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးထားတဲ့အဖြေပါရမယ် ဆိုတာရှိပါတယ်။

အဲဒါကို အခုနောက်ပိုင်းအနေနဲ့ ကိုဗစ်-၁၉ရောဂါ အနေနဲ့ ဓာတ်ခွဲစမ်း သပ်မှုအဖြေရော၊ ကာကွယ်ဆေးထိုးလက်မှတ်လည်းမလိုတော့ပါဘူး။ ဒါပေမဲ့ နိုင်ငံတ ကာကနေလာတဲ့ခရီးသည်တွေအနေနဲ့မြန်မာနိုင်ငံကိုလာရောက်စဉ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ဖြစ်၊ အခြားကျန်းမာရေးပြဿနာတွေဖြစ်ဖြစ် ဖြစ်ပွားခဲ့ရင် သူတို့အနေနဲ့ ကျန်းမာရေးစောင့် ရှောက်မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာရေးဆိုင်ရာ အာမခံကို သတ်မှတ်ထားပါတယ်”ဟု ယင်းကဆိုသည်။

ကိုဗစ်၁၉ရောဂါဖြစ်ပွားမှုလည်းကျဆင်းလာပြီဖြစ်သည့်အတွက်နိုင်ငံ၏့ခရီးသွားလုပ်ငန်း၊စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နိုင်ငံတကာနှင့်နယ်စပ်ဒေသများမှ ဝင် ရောက်လာသည့်ခရီးသွားပြည်သူများအတွက် ပြည် သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ် ချက်များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ဖြေလျော့ပေးမှုများ ဆောင်ရွက် လျက်ရှိ ကြောင်းလည်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times