၆ စက်တင်ဘာ ၂၀၂၃

နစကဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ အမ်ဒီ မွန်ဝါဟိုစိန်းDr. Md. Monwar Hossain နှင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှင်နှစ်နိုင်ငံအကြား နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး  ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးထံ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး သည် စက်တင်ဘာ ၆ ရက် မနက်က  နေပြည်တော်ရှိ နစကဘ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌သူ၏ သံအမတ် ခန့်အပ်လွှာ ကို ပေးအပ်ပြီးနောက် ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်  ချက်မှာ  ဖော်ပြထားပါတယ်။

ယင်းအပြင် နိုင်ငံတော်ဝန်ကြီးချုပ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက် ရေးနှင့်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊နယ်စပ်ဒေသ၌ တရားမဝင်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများမရှိစေ ရေးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာဖြစ်ပေါ်တိုးတက်နေမှုများနှင့်စပ်လျဉ်းပြီးဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယင်းသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီးဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန် တို့ တက်ရောက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်။

-ymg/knl