#Local_News

Published-3-September-2023

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ပါရမီဂုံးလမ်းမပေါ်ရှိ ဂုံးတံတားအကျော် ရေမြောင်းအတွင်း ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း ယနေ့ ဩဂုတ် (၃)ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း မျှဝေခံစားတွဲလက်များ ပရဟိတအသင်းထံက သိရသည်။

 

ယင်း အမျိုးသားအလောင်းအား ရပ်ကွက်နေပြည်သူအချို့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ အသင်းသို့ အကြောင်းကြားလာခဲ့ခြင်းကြောင့် သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

" လူလတ်ပိုင်းဘဲဗျ။ ဘာ့ကြောင့်သေလည်းဆိုတာလည်းမသိရဘူး။ ဒီပတ်ဝန်းကျင်အနီးအနားကလည်းမဟုတ်ဘူးလို့ ပြောနေကြတယ်။ ဘယ်သူဆိုတာကိုတော့ ကိုယ်ပတ်ဝန်းကျင်အနီးအနားကသူတွေ ကတဆင့် စုံစမ်းနေတုန်းဘဲ"၊ ဟု အနီးပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးက ဆိုသည်။

 

သေဆုံးနေသူ ပိုင်ရှင်မဲ့အမျိုးသားရုပ်အလောင်းကို M.W.K.S လူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

 

#YMG/my #Local_News #ပိုင်ရှင်မဲ့အမျိုးသားအလောင်းတွေ့
#Yangon_Times