#Local_News
Published_ 1 September 2023


ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ပြသမည့် လူနာများအနေဖြင့် အွန်လိုင်းအသုံးပြုပြီး Viber၊Messengerဖြင့် ကြိုတင်ဘိုကင်တင်နိုင်ပြီးပြသရမည့်ဌာန၊နေ့ရက်နှင့်အချိန်များကို ပြန်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

 

အွန်လိုင်းဖြင့်ကြိုတင်ဘိုကင်တင်ထားခြင်းအားဖြင့် ကင်ဆာလူနာများ၊နှလုံးလူနာများစသည့်ဆေးရုံတွင်ကြာရှည် စောင့်ဆိုင်းရန်ခက်ခဲသည့် လူနာများအတွက်အဆင်ပြေစေမည်ဖြစ်သည်။

 

အွန်လိုင်းဖြင့် ဘိုကင်တင်လိုသူများအနေဖြင့်မိမိ၏ဖုန်းViberမှာ caremebotဟုရိုက်၍ စက်ရုပ်လေးနှင့် Application ပေါ်လာပါကယင်းထဲကိုဝင်ရောက်ကာဘိုကင်တင်ရမည်ဖြစ်သလိုမိမိတို့၏ Facebookမှာ caremebotဟုရိုက်၍ caremebotရဲ့ မတ်ဆင်ဂျာထဲကိုဝင်ပြီး ဘိုကင်တင်ကြရမည်ဖြစ်သည်ဟုဆိုသည်။

 

Caremebotဖြင့်ဘိုကင်တင်လိုသူများအနေဖြင့် ပထမဦးဆုံးအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုရွေးပြီး ပြသလိုသည့် နေ့ရက်အချိန်ကိုရွေးကာ ပြသလိုသည့် လူနာကိုယ်ရေးအချက်အလက်များကို ဖြည့်ခြင်း၊ လူနာ ဆေးမှတ်တမ်း(သို့မဟုတ်)လွှဲစာကို ဓာတ်ပုံရိုက်ပြီး သတ်မှတ်အချိန်အတွင်းတင်ရမည်ဖြစ်သည်။

 

ဆေးရုံမှဘိုကင်အတည်ပြုခြင်းကို စောင့်ဆိုင်းကာ ဆေးရုံမှဘိုကင်အတည်ပြုပြီး ဘိုကင်နံပါတ်၊ပြသရမည့်ဌာနနှင့် နေ့ရက်အချိန်တို့ကို လူနာနှင့်လူနာရှင်ထံ ပြန်ပို့ပေးမည်ဖြစ်ကြောင်းနှင့်အကယ်၍ မှားယွင်းနေပါက ဘိုကင်အသစ် ပြန်တင်ပေးရမည်ဖြစ်ကြောင်း သိရသည်။



#tthl #Local_News #Viber၊ Messenger #ကြိုတင်ဘိုကင်တင်ထား
#Yangon_Times