#Local_News
Published_ 31 August 2023


သွေးစွန်းနေသော ရွှေထည်ပစ္စည်းကိုတွေ့ရာမှ အမျိုးသမီးတစ်ဦးအား လည်လှီးသတ်ဖြတ်သူဟု သံသယရှိသူ ၃ ကိုဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

 

သြဂုတ်လ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ ရွှေဆိုင်တစ်ခုတွင် အမျိုးသားတစ်ဦးက ရွှေသွားရောင်းစဉ် ရွှေတွင်သွေးစများတွေ့ရှိခဲ့၍ မသင်္ကာဖြစ်သောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာမှ အဆိုပါ သံသယရှိသူများကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

 

“ရန်ကုန်တိုင်းဒေသကြီးမှုခင်းအဖွဲ့က တိုက်ရိုက်ကိုင်တွယ်နေတာ ဖြစ်တယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက YMG ကို ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မြောင်းကြီးလမ်းရှိ အထပ်မြင့်တိုက်(၆)လွှာတွင် လွန်ခဲ့သော ၄ လခန့်က ခင်းပွန်းဖြစ်သူနှင့်အတူ နေထိုင်သော အသက်(၃၂) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးအား လည်ပင်းကို ဓါးဖြင့်လှီးကာ ရွှေထည်ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

လက်ရှိဖမ်းဆီးစစ်ဆေးနေသော သံသယရှိသူ ၃ ဦးထဲတွင် ယင်းအထပ်မြင့်တိုက်(၆)လွှာ၌ နေထိုင်သည့်အသတ်ခံထားရသော အမျိုးသမီးတို့ ဇနီးမောင်နှံအနေဖြင့် ပုံမှန်ငှားစီးနေကျ အနှေးယာဉ်လုပ်သားလည်း ပါဝင်ကြောင်း သိရသည်။

 

#Local_News #သွေးစွန်းနေသောရွှေထည်ပစ္စည်း #သံသယရှိသူ၃ဦး
#Yangon_Times/PP