#Local_News
Published 31-August- 2023


ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်ကျဆင်းနိုင်သော်လည်း ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ်အထက်တွင် ဆက်ရှိနိုင်သည် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဉီးစီးဌာန ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

 

မိုးဇလ၏ အသိပေးချက်၌ ယနေ့ ဩဂုတ်(၃၁) ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် အထက် တစ်ပေခန့်သို့ ကျော်လွန်ရောက်ရှိနေပြီး၊ နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်ဟု ဖော်ပြထားသည်။

 

အလားတူ ယနေ့ ဩဂုတ် (၃၁) ရက်တွင် ၁၂ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေသည် ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ် အထက် တစ်ပေခန့်သို့ကျော်လွန်ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းနဘေးနှင့် မြေနိမ့်ပိုင်းမေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သတိပေးနှိုးဆော်ထားသည်။

 

#YMG/MY #Local_News #ချင်းတွင်းမြစ်ရေ #ဟုမ္မလင်းမြို့ #ဖောင်းပြင်မြို့ #မိုးဇလသတိပေး
#Yangon_Times