Published_ 26 August 2023

မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်နေသည်ဟုသံသယရှိသည့်တရုတ်နိုင်ငံသားများ(၂၄)ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထပ်မံဖမ်းဆီးခဲ့ပြီးတရုတ်နိုင်ငံရဲတပ်ဖွဲ့သို့လွှဲပြောင်းပေးခဲ့ကြောင်းယခုနှစ်အတွင်းဖမ်းဆီး ပို့ဆောင်ခဲ့သူ(၃၀)ဦးရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

ဩဂုတ်(၂၆)ရက်ကလည်း ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ (၅)ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရုတ်ရဲအဖွဲထံ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလွှဲပြောင်းပေးအပ်ခဲ့ပြီးတရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင် ခဲ့သည်ဟုဆိုသည်။

ယခုအချိန်အထိ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ စုစုပေါင်း (၂၄) ဦးကို(၄)ရက်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

ယင်းလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံနှင့်အခြားသက်ဆိုင်ရာအဘက်ဘက်များနှင့်အတူတကွလောင်းကစားလိမ် လည်မှုများအား ပူးပေါင်းနှိမ်နင်းရန် တရုတ်နိုင်ငံ၏ခိုင်မာသောရပ်တည်ချက်ကို ပြသနေကြောင်း၊ သက်ဆိုင်ရာ အဘက်ဘက်အားလုံးသည် ဒေသတွင်းလောင်းကစားလိမ်လည်မှုများကို နှိမ်နင်းရန် ပိုမိုနီးကပ်သောပူးပေါင်း ဆောင်ရွက်မှု၊ ပိုမိုတက်ကြွသောသဘောနှင့်ပိုမိုကျွမ်းကျင်သောလုပ်ဆောင်ချက်များကို အသုံးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times