Published_ 25 August 2023

ဂျပန်နိုင်ငံ ချီဘားမြို့၌ ကျင်းပနေတဲ့ U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် မြန်မာ ယူ- ၁၂ လူငယ်ဘောလုံးအသင်းက Tokyo Verdy အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က ယနေ့ တွင် ထုတ်ပြန်ထားသည်။

မြန်မာ ယူ ၁၂ လူငယ်ဘောလုံးအသင်းအနေဖြင့် အုပ်စုပွဲစဉ်များယှဉ်ပြိုင်ပြီးနောက် အုပ်စုအဆင့်ရပ်တည်ချက်အရ Group League ပွဲစဉ်များ ထပ်မံကစားရာတွင် Group (D) မှ Tokyo Verde U 12 အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲစဉ်တွင် ဘာစီလိုနာ လူငယ်အသင်းကို ၄ ဂိုး ဂိုးမရှိ၊ ဒုတိယပွဲစဉ်တွင် ဂျပန်ကလပ် JEF United Chiba U-12 အသင်းကို ၃ ဂိုး ၁ ဂိုး၊ အုပ်စု နောက်ဆုံးပွဲစဥ်အဖြစ် Daiwa House Dream အသင်းကို ၂ ဂိုး ၁ ဂိုး ရလဒ်တို့ဖြင့် ရှုံးနိမ့်ခဲ့ထားသည်။

အဆိုပါပြိုင်ပွဲကို  ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် (၂၄) မှ (၂၇)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်း၏ အဆိုပါခရီးစဉ်အတွက် AYA Bank မှ ပံ့ပိုးကူညီထားကြောင်း သိရသည်။
ဓာတ်ပုံ-MFF
Yangon Times/my
#local_News
#YMG #Yangon_Times