Published_ 25 August 2023

၂၀၂၃ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် ‘အာဆီယံလူငယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးချန်ပီယံဆု’ကို မြန်မာနိုင်ငံမှ ဒေါက်တာကောင်းထက်စွမ်းမှရရှိခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှသိရသည်။

အဆိုပါ‘အာဆီယံလူငယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးချန်ပီယံဆု’ကို Senior Category မှရရှိခဲ့ခြင်းဖြစ်ပြီး လာအိုနိုင်ငံတွင်ဆုချီးမြှင့်အခမ်းအနားပြုလုပ်ကာ မြန်မာကိုယ်စားလှယ်အဖွဲ့ကလက်ခံရယူခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့်ယင်းဆုအပြင် အာဆီယံသန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု (၂၀၂၃)ကို ဧရာဝတီတိုင်းနှင့်ကချင်ပြည်နယ်မှအခြေခံပညာကျောင်း(၂)ကျောင်းမှရရှိခဲ့သည်။

အာဆီယံသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုအဖြစ် မူလတန်းအဆင့်အတွက်ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ၊ ဒေါင့်ကွေးကျေးရွာ၊အခြေခံပညာမူလတန်းကျောင်း (ဒေါင့်ကွေး) မှလည်းကောင်း ၊အထက်တန်းအဆင့်အတွက် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ရရှိခဲ့ပြီး ဆုများကို မြန်မာကိုယ်စားလှယ်အဖွဲ့မှလက်ခံရယူခဲ့ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#YMG #Yangon_Times