#LocaL_News
Published 20-8-2023

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် (၆၀/၁)နှင့်(၆၀/၂)ကြားတွင် ယနေ့ ဩဂုတ်လ (၂၀)ရက် နံနက် (၆) နာရီ (၅၈ )မိနစ် အချိန်ခန့်၌ ယာဉ်တစ်စီး လမ်းလယ်ကျွန်းသစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ ခရီး သွားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်မှာ PARTNER အမျိုးအစား  အဖြူရောင်ယာဥ်ဖြစ်ပြီး၊ အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းရှိ  သစ်ပင်အား ဝင်တိုက်မိခြင်းဖြစ်သည်ဟု အမြန်လမ်းကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး၊ အမျိုးသမီး(၇)ဦး စုစုပေါင်း(၈)ဦးအနက် အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြ‌ ကြောင်း သိရသည်။

 

ထိခိုက်ဒဏ်ရာရရှိသူများကို 192 သူနာတင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

 

#YMG/my #LocaL_News #ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး #လမ်းလယ်ကျွန်းသစ်ပင်အား ဝင်တိုက်မှုဖြစ် #Yangon_Times