#Local_News
Published-19 August 2023


မြန်မာတစ်နိုင်ငံလုံးတွင် ယခုနှစ် ၇ လအတွင်း ယာဉ်တိုက် မှုအကြိမ် ၂၉၀၀ ကျော်ဖြစ်ခဲ့ကာ ၁၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက် များအရ သိရသည်။

 

ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ယာဉ်တိုက် မှုအကြိမ်ရေ (၂၉၃၁)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၌ (၅ဝ၁)ကြိမ်ဖြင့် အများဆုံး ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ယာဉ်တိုက် မှုပေါင်း (၄၅၆)ကြိမ်ဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်း ၇ လတာ၌ ယာဉ်တိုက် မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လူဦးရေ စုစုပေါင်း (၄ဝ၂၃)ဦး ရှိခဲ့ပြီး လူ ဦးရေ (၁၅၃၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် အလားတူကာလအတွင်း ယာဉ်တိုက် မှုပေါင်း (၃၅၃၃)ကြိမ်ဖြစ်ပွားခဲ့ရာ ယခုနှစ်နှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက် မှု (၆ဝ၂)ကြိမ် လျော့ကျခဲ့ကြောင်းလည်းသိရသည်။

 

#Local_News #ယာဉ်တိုက်မှုအကြိမ်၂၉၀၀ကျော် #ယခုနှစ်၇လအတွင်း
#Yangon_Times/PP