#Local_News
Published- 18-8-2023

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော MoU လေးနှစ်ပြည့် မြန်မာအလုပ်သမားများနှင့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် OWIC ကတ်ကျသင့်ငွေကို ကောက်ခံတော့မည်မဟုတ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။

 

ထိုင်းရောက် မြန်မာအလုပ်သမားအနေ ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် OWIC ကတ်တန်ဖိုး ဘတ်၂၅၀ အား  ယခုလ (၁၈) ရက်‌နေ့မှစ၍ ကောက်ခံခြင်းမပြုတော့ကြောင်း ကြေညာထားခြင်းဖြစ်သည်။

 

သို့သော် သက်တမ်းတိုးရာတွင် နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး ဘတ် ၁,၂၅၀ ကိုသာကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

အလုပ်သမားများအနေဖြင့် OWIC ကတ်ကို မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ၍ ပြည်ပသို့ ထပ်မံထွက်ခွာမည့် အချိန်မှသာ သက်ဆိုင်ရာ အလုပ်သမားရုံးများ၌ လျှောက်ထားရန်  အသိပေးထားခြင်းဖြစ်သည်။

 

#YMG/my #Local_News #OWIC ကတ် #သံရုံး အသိပေး
#Yangon_Times