#Local_News
Published_ 15 August 2023

 

မိုးရာသီကာလဖြစ်၍ ပုဂံဘုရားများနှင့် ရှေးဟောင်းအဆောက်အအုံများပေါ်တွင် ညောင်ပင်နှင့် အခြားအပင်များ ပေါက်ရောက်မှုများပြားလျက်ရှိသည်။

 

အဆိုပါ ပုဂံဘုရားများနှင့်ရှေးဟောင်းအဆောက်အအုံများပေါ်တွင်ပေါက်ရောက်နေသည့်ညောင်ပင်နှင့် အခြားအပင်များကို ဓာတုဆေးဖြင့် ဖယ်ရှားရှင်းလင်းရေးများဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရသည်။

 

ပုဂံရှေးဟောင်းအဆောက်အအုံများဖြစ်သည့် ဘုရားအမှတ်(၁၅၈၉)၊(၁၄၇၈)၊(၁၅၈၀)၊(၁၂၃၉)၊(၁၂၀၂)၊(၁၁၉၂)၊ (၁၆၈၆)၊(၁၃၂၁)၊(၁၁၉၅)၊(၇၄၄)၊(၁၉၁၇)တို့တွင်ပေါက်ရောက်နေသည့် ညောင်ပင်နှင့်အခြားအပင်များကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှတာဝန်ရှိသူများက ဓာတုဆေးဖြင့် အပင်များ ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။

 

ယင်းကဲ့သို့အပင်များရှင်းလင်းခြင်းအပြင် ရှေးဟောင်းအဆောက်အအုံအမှတ်(၅၀၅)မြောက်ဘက်အဝင်မုခ်ကြံ့ခိုင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ဌာနမှတာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


#Local_News #ပုဂံရှေးဟောင်းဘုရား(၁၁)ဆူ #ညောင်ပင်နှင့်အခြားအပင်များ
#tthl
#Yangon_Times