#Local_News
Published -14 August 2023

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ ခြောက်ဘီးယာဥ်တစ်စီးဘရိတ်ပေါက်၍ လမ်းဘေးသစ်ပင်အားဝင်တိုက်မှုဖြစ်ခဲ့၍ အမျိုးသား ၁ဦး သေဆုံးခဲ့ကြောင်း သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှသိရသည်။

 

ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင် - မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ်(၂၁) တွင် ပြင်ဦးလွင်မှမန္တလေးသို့မောင်းနှင်လာသော Canter အမျိုးအစား ၆ ဘီးကုန်တင်ယာဥ် တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးသစ်ပင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သဖြင့် ယာဥ်မောင်းအမျိုးသား သေဆုံးသွားခဲ့ပြီး ယာဥ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ​ြသဂုတ်လ ၁၃ရက်က ဖြစ်ခဲ့သည်။

 

ယာဥ်တိုက်မှု​ဖြစ်စဥ်ကြောင့် ယာဥ်မောင်းအမျိုးသားမှာ ယာဥ်၏ခေါင်းခန်းအတွင်း ညပ်မိနေ၍ ထိခိုက်ဒဏ်ရာများပြင်း ထန်စွာရရှိကာ ယာဥ်ခေါင်းခန်းအတွင်းမှ ခက်ခက်ခဲခဲထုတ်ယူခဲ့ရပြီးသန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဥ်သေဆုံး သွားခဲ့ကြောင်းသိရသည်။

 

ယင်းအပြင် ကျန်အမျိုးသား ၁ဦးနှင့် ကလေးငယ် ၁ ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သီရိဎထန (ညောင်ပေါ)လူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #လမ်းဘေးသစ်ပင်အားဝင်တိုက် #ယာဥ်မောင်းသေဆုံး
#Yangon_Times/PP