#Local_News
Published 14-8-2023

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ပညာရေးကောလိပ်တွင် ယမန်နေ့ ညနေ ၅နာရီ မိနစ် ၃၀ အချိန်ခန့်က အခန်းတစ်ခုအတွင်းထားရှိသော တိုင်ကီတစ်လုံးမှ အမိုးနီးယားဓါတ်ငွေယိုစိမ့်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ‌မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ယင်းအမိုးနီးနားယိုစိမ့်မှုအတွက် ငြိမ်းသတ်ရန် မိနစ် လေးဆယ်ခန့် ဆောင်ရွက်ခဲ့ရပြီးနောက် ၊ဓာတ်ငွေ့ယိုစိမ့်မှုကို ပိတ်ပစ်နိုင်ခဲ့သည်ဟု ဆိုသည်။

 

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားချိန်သည် ကျောင်းပိတ်ရက်ဖြစ်နေခြင်းကြောင့် တစ်စုံတရာ ထိခိုက်မှုမရှိခဲ့ဘဲ ၊ အမိုနီးယားယိုစိမ့်နေသော တိုင်ကီအား အခန်းအပြင်ထုတ်၍ သဲများဖြင့် ဖုံးအုပ်ကာဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်အတွက် အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

#YMG/my #Local_News #ရန်ကင်းပညာရေးကောလိပ် #အမိုးနီးယားဓါတ်ငွေ့ယိုစိမ့်မှုဖြစ်
#Yangon_Times