Published_ 10 August 2023

မြန်မာလက်ရွေးစင် ယူ၂၃ ဘောလုံးအသင်းအနေဖြင့် အိမ်ရှင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း စိန်ခေါ်မှုကောင်းများ ရရှိသည်ဟု မြန်မာ အသင်းနည်းပြချုပ် Michael Feichten beiner ကဆိုသည်။

"အိမ်ရှင်အသင်းတွေနဲ့ ဆုံတွေ့နေရတာ ကျွန်တော်တို့အတွက် ခက်ခဲပေမယ့် ဒါကိုက စိန်ခေါ်မှုကောင်းတွေ ဖြစ်နေပါတယ်။"ဟုဆိုသည်။

လာမည့် သြဂုတ် (၁၇) မှ (၂၆)ရက်အထိ ကျင်းပမည့် အာဆီယံ ယူ-၂၃ ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့်  ထိုင်း၊ ကမ္ဘော ဒီးယား၊ ဘရူနိုင်းတို့ကို ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ‌၂၃ အသင်းအနေဖြင့် စက်တင်ဘာလအတွင်း အာရှ ယူ ၂၃ ခြေစစ်ပွဲတွင်လည်း တောင်ကိုရီးယားနှင့် ကာဇက်စတန်အသင်းတို့ဖြင့် ဆက်လက် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ထို့အပြင် မြန်မာ ယူ၂၃ အသင်းအနေဖြင့်အောက်တိုဘာလအတွင်း အာရှအားက စားပွဲတော်တွင်လည်း ဝင်ရောက်ယှဉ် ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာယူ၂၃ အသင်းအနေဖြင့် ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမည့် ပွဲများဆက်တိုက်ရှိနေခြင်းဖြစ်သည်။
Yangon Times/my
#Local_News
#ဘောလုံးအဖွဲချုပ် # မြန်မာလက်ရွေးစင် ယူ၂၃ #တောင်ကိုရီးယား # အသင်းနည်းပြချုပ် Michael Feichten beiner
#YMG #Yangon_Times