Published_ 10 August 2023

အဖမ်းခံထားရသော မီးသတ်ဝန်ထမ်းတစ်ဦးအပါအဝင် အရပ်သား လူ ၃၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက် ညနေ ၄ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းကုန်းကျေး ရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာ လယ်ကွင်းများ၌ စပါးစိုက်ပျိုးနေကြသည့် ဒေသခံပြည်သူ ၂၁ ဦးနှင့် နွား၊ သိုး၊ ဆိတ်နှင့် လှည်းများ အတင်းအဓမ္ဓဖမ်းဆီး ခေါ်ဆောင်သွားခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာသူ၊ ကျေးရွာသားများအား ငွေကြေးဖြင့် လာရောက်ရွေးရန် အတင်းအဓမ္မခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများက ဖမ်းဆီးခံ ကျေးရွာသူ၊ ကျေးရွားသားများအား ပြန်လည် ကယ်တင်ပေးရန် နယ်မြေခံတပ်သို့ လာရောက်အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် ခင်ဦးမြို့နယ်၊ ရွာသန်း ကျေးရွာသို့ ဝင်ရောက်စီးနင်း ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဖမ်းဆီးခံထားရသော ဘုန်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အရပ်သား ၂၉ ဦးနှင့် မီးသတ်ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၃၀ ဦးတို့အား ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာရှိ နေအိမ် ၂ လုံးအတွင်းမှ ကယ်ဆယ်နိုင်ခဲ့ ကြောင်း သိရသည်။

၎င်းအပြင် လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်ဗုံးသီး ၄၂ လုံး၊ လက်လုပ်ရှော့တိုက်ဒုံး ၁၂ လုံး၊ လက်လုပ် သေနတ် ၄ လက်၊ မိုင်းမျိုးစုံ ၁၆ လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်းလည်း နစက သတင်းတွင် ဖော်ပြထားသည်။
Yangon-Times/PP
#Local_News
#အဖမ်းခံထားရ #မီးသတ်ဝန်ထမ်းတစ်ဦး #အရပ်သား #လုံခြုံရေးတပ်ဖွဲ့ဝင်များ #နစက
#YMG #Yangon_Times