Published 8 July 2021 

နော်ဝေရဲ့ တယ်လီကွမ်အော်ပရေတာဖြစ်တဲ့ တယ်လီနောဟာ သူ့ရဲ့မြန်မာလုပ်ငန်းတွေကို လက်ဘနွန်ရဲ့ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီဖြစ်တဲ့ M1 အုပ်စုကို ဒေါ်လာ၁၀၅သန်းနှင့် ရောင်းချလိုက်ပြီလို့ ယနေ့ တယ်လီနောက ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိဆိုးရွာနေတဲ့ အခြေအနေတွေကြောင့် ဒီလိုဆုံးဖြတ်လိုက်တာလို့ ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။  အခုလို အမ်ဝမ်းအုပ်စုကို ရောင်းချလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ လုပ်ငန်းတွေဆက်လက်လည်ပတ်ဖို့ အာမခံချက် ရရှိသွားတာပဲဖြစ်တယ်လို့ တယ်လီနော်ရဲ့ အမှုဆောင်အရာရှိချုပ် ဆိခ်ဘရက်ကီက ပြောပါတယ်။ နော်ဝေရဲ့ နိုင်ငံပိုင်တယ်လီနောဟာ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ပါကစ္စတန်နှင့် မလေးရှားတို့မှာလည်း ရင်းနှီးမြှပ်နှံထားပါတယ်။ မြန်မာနိုင်ငံမှာ တယ်လီနောသုံးစွဲသူ ၁၈သန်းခန့်ရှိပြီး အဲဒီပမာဏဟာ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဖြစ်ကြောင်း ရိုက်တာက သတင်းပေးပို့ထားပါတယ်။