#Local_News
Published_ 5 August 2023


အခုရက်ပိုင်းအတွင်း သံလွင်မြစ်၊သောင်ရင်းမြစ်၊ဘီလင်းမြစ်၊နန့်ယင်းမြစ်နှင့်နန့်ကောင်းမြစ်ရေ များကြီးနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

 

သံလွင်မြစ်ရေသည် ဘားအံတွင် စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိမည်ဖြစ်သည်ဟုဆိုသည်။

 

သောင်ရင်းမြစ်ရေသည် မြဝတီတွင် စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အောက်သို့ပြန်လည်ကျဆင်းနိုင်မည်ဟုခန့်မှန်းထားသည်။

 

ဘီးလင်းမြစ်ရေသည် ဘီးလင်းတွင် စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

 

နန့်ယင်းမြစ်ရေသည် မိုးကောင်းတွင် စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း နောက်ထပ်(၁)ပေခန့်တက်နိုင်ကာစိုးရိမ်ရေအမှတ်အထက်တွင်ဆက်လက်တည်ရှိမည်ဖြစ်သည်။

 

နန့်ကောင်းမြစ်ရေသည် မိုးကောင်းတွင် စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။

 

ယင်းကဲ့သို့မြစ်ရေများတက်နေသဖြင့် ဘားအံမြို့၊မြဝတီမြို့၊ဘီးလင်းမြို့နှင့်မိုးကောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်ကြသူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။

 

#tthl
#Yangon_Times