#Local_News
Published_ 3 August 2023


သံလွင်မြစ်၊သောင်ရင်းမြစ်နှင့်သံတွဲချောင်းမြစ်ရေတိုးမည်ဖြစ်သဖြင့် ဘားအံမြို့၊မြဝတီမြို့နှင့်သံတွဲမြို့ နေထိုင်နေသူများ အထူးသဖြင့်မြစ်ကမ်းနားနေသူများ၊ မြေနိမ့်ပိုင်းနေသူများအထူးသတိပြုရန်နေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

လတ်တလောတွင် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက်(၁)ပေခန့်ကျော်လွန် နေပြီးနောက်တစ်ရက်အတွင်းပေဝက်ခန့်ဆက်မြင့်လာရန်ရှိသည်ဟု ဖော်ပြထားသည်။

 

သံတွဲချောင်းသည် သံတွဲမြို့၏စိုးရိမ်ရေအမှတ်အထက်သို့(၂)ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်းယင်းမြို့၏စိုးရိမ်ရေအမှတ်အထက်တွင်ဆက်လက်တည်ရှိမည်ဖြစ်သည်။

 

သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် စိုးရိမ်ရေအမှတ်အောက်(၂)ပေခန့်တွင်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်သဖြင့် မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်နေသူများအထူးသတိပြုနေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်ထားသည်။

 

ဘီးလင်းမြစ်ရေသည်လည်း ဘီလင်းမြို့တွင်စိုးရိမ်ရေအမှတ်အထက်ပေဝက်ခန့်မြင့်တက်နေပြီး နောက်တစ်ရက် အတွင်းစိုးရိမ်ရေအမှတ်အောက်ပြန်ကျဆင်းသွားနိုင်ကြောင်းသိရသည်။

 

မြစ်ရေများတိုးရန်ရှိသည့်ဒေသများတွင်နေထိုင်ကြသူများအထူးသတိထားနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးချက်ထုတ်ပြန်ထားသည်။

 

#tthl #Local_News #သံတွဲမြို့နေထိုင်သူများအထူးသတိပြုနေထိုင်ရန်လို
#Yangon_Times