#Local_News
Published_ 3 August 2023

ရန်ကုန်မြို့ သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးနှင့် ဘုရားလမ်းထိပ် ဓာတ်တိုင်ပေါ်ရှိ Wifi ကြိုးကို တက်ရောက်ပြင်ဆင်ရာမှ အမျိုးသား သုံးဉီး ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်ဟု သာကေတမြို့နယ် လူမှုကူညီရေး အဖွဲ့ထံက သိရသည်။

 

အဆိုပါ ဖြစ်စဉ်သည် ယမန်နေ့ ဩဂုတ် ၂ ရက်နေ့  ညနေ ၄ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ Wifi ကြိုးတပ်ဆင်သည့် အမျိုးသားသုံးဉီး အသက်အန္တရာယ်မရှိသော်လည်း ခြေလက်ကျိုးခြင်း ၊ အရေပြား မီးလောင်ကျွမ်းခြင်းနှင့် အခြားထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအမျိုးသား သုံးဉီးကို သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ မြေပြင်အရေးပေါ်ဆေးကုသမှု ပြုလုပ်ပြီးနောက် အခြားလူမှုူညီရေးအဖွဲ့ နှစ်ဖွဲ့က သဃ်န်းကျွန်းစံပြဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #ဓာတ်တိုင်ပေါ်ရှိWifiကြိုးကိုတက်ရောက်ပြင်ဆင်ရာမှဓာတ်လိုက်မှုဖြစ်
#Ymg/my
#Yangon_Times