#Local_News
Published 31 July 2023


မြန်မာနိုင်ငံတွင်အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်ရှင်အဖွဲ့အစည်းစုစုပေါင်း(၃၀၄၃)ဖွဲ့ ကို တရားဝင်အသိအမှတ်ပြုကာ ဖွဲ့စည်းခွင့်ပြုထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

 

၂၀၁၁ ခုနှစ်အလုပ်သမားအဖွဲ့အစည်းဥပဒေပြဌာန်းပြီးချိန်မှ ၂၀၂၃ခုနှစ်ဇူလိုင်လ၃၀ရက်အထိ အဆိုပါ အလုပ်သမားအဖွဲ့ အစည်းများ၊အလုပ်ရှင်အဖွဲ့အစည်းများကို အလုပ်သမားဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်များထုတ်ပေးပြီး ဖွဲ့စည်းခွင့်ပြုထားသည်ဟုဆိုသည်။

 

ယင်းခွင့်ပြုထားသည့် အဖွဲ့အစည်းများစွာအနက် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(CTUM)၊ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)၊မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်(IWFM)၊မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (MICF-TUsF)၊မြန်မာနိုင်ငံတောင်သူလယ်သမား၊စိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM-IUF)များအပါအဝင် အဖွဲ့(၁၁)ဖွဲ့ပါဝင်ကြောင်းဖော်ပြထားသည်။

 

အဆိုပါအဖွဲ့အစည်းများအပြင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင်အလုပ်သမားအဖွဲ့အစည်း(၂၅)ဖွဲ့၊မြို့နယ်အလုပ်ရှင် အဖွဲ့အစည်း(၁)ဖွဲ့၊မြို့နယ်အလုပ်သမားအဖွဲ့အစည်း(၁၅၆)ဖွဲ့၊အခြေခံအလုပ်ရှင်အဖွဲ့အစည်း(၂၆)ဖွဲ့၊အခြေခံ အလုပ်သမားအဖွဲ့ (၂၈၂၄)ဖွဲ့တို့ကိုလည်း အသိအမှတ်ပြုလက်မှတ်များထုတ်ပေးထားကြောင်းနှင့် ၂၀၁၁ခုနှစ်မှ ယနေ့ချိန်အထိ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်ရှင်အဖွဲ့အစည်းစုစုပေါင်း(၃၀၄၃)ဖွဲ့ကိုအသိအမှတ်ပြု လက်မှတ်များထုတ်ပေးပြီးဖြစ်ကြောင်းထုတ်ပြန်ဖော်ပြထားသည်။

 

#tthl #Local_News #အလုပ်သမားအဖွဲ့အစည်း #အလုပ်ရှင်အဖွဲ့အစည်း

#Yangon_Times