Published_ 29 July 2023

လျှပ်စစ်သုံး EV သုံးဘီးဆိုင်ကယ်(၅၀)စီး ၊EVဆိုင်ကယ်(၉၆)စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

ကော်မတီ၏ခွင့်ပြုချက်ဖြင့် ယခုရောက်ရှိလာသည့်EVသုံးဘီးဆိုင်ကယ်များကတော့ Jinpeng အမျိုးအစား လျှပ်စစ်သုံး EV သုံးဘီးမော်တော်ဆိုင်ကယ်(၅၀)စီး နှင့် Wuyang Honda (U-Go) အမျိုးအစားလျှပ်စစ်သုံး EV မော်တော်ဆိုင်ကယ် (၉၆)စီး တို့ဖြစ်သည်။

အဆိုပါ Jinpeng အမျိုးအစား EV သုံးဘီးဆိုင်ကယ်များကို Asia Pacific Automaker Corporation Co., Ltdမှ တင်သွင်းလာခြင်းဖြစ်ပြီး Wuyang Honda (U-Go) အမျိုးအစား EV ဆိုင်ကယ်များကိုတော့ NCX Myanmar Co., Ltd. မှတင်သွင်းလာ‌ခြင်းဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် EV သုံးဘီးဆိုင်ကယ်နှင့် EV ဆိုင်ကယ်များကိုလုပ်ထုံးလုပ်နည်းနှင့်အညီထုတ် ယူခွင့်ပြုခဲ့ကြောင်းနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times